Python programming language က ယနေ့ခေတ်တွင် Top Programming Language တစ်ခုအဖြစ်ပါဝင်နေပါပြီ။Artificial Intelligence,Machine Learning,Data Science,Web Development စတာတွေ အားလုံးမှာ သုံးနေကြပြီဖြစ်ပါတယ်။ဒီ course က တွေ့ဖူးတဲ့ online course တွေနဲ့ဘာကွာလဲဆိုရင် Absolute beginner တယောက်တွက် လိုအပ်တာများကိုသာ သင်ပေးခြင်းဖြစ်ပါတယ်။
ဒီမှာ ဘာကြောင့် အချိန်တိုတိုနဲ့ ကိုယ်လေ့လာချင်တဲ့အပိုင်းကို လေ့လာနိုင်အောင် စီစဉ်ပေးရလဲပြောချင်ပါတယ်။ကျွန်တော်တို့ ဒီမှာ online လေ့လာသူ အများစုသည် အချိန်မပေးနိုင်လို့ အပြင်မှာ သင်ဖို့အခက်ခဲရှိလို့ အချိန်တိုတွင်း မြန်မြန်လေ့လာချင်လို့ learning reference တစ်ခုအနေနဲ့ ထားချင်လို့ စသဖြင့် online ကလေ့လာကြပါတယ်။ပြီးတော့ developer တယောက်ဖြစ်ဖို့ဆို သင်တန်းတခုလောက်တတ်ပြီး ကောင်းမွန်တဲ့ developer တယောက် မဖြစ်နိုင်သေးပါဘူး။ယနေ့ထိ Developer များက အမြဲလေ့လာနေရပါတယ်။
အဲ့တော့ ကျွန်တော်တို့ ဘာလုပ်လိုက်လဲဆိုတော့ beginner တစ်ယောက်တွက် ဒါမှမဟုတ် programming အခြေခံရှိတယ် Python syntax တွေကို ဘယ်လိုသုံးရတယ်သိချင်သူတွေတွက် အချိန်တိုတွင်းနဲ့ တကယ်လိုအပ်တာကို လေ့လာနိုင်အောင် သင်ခန်းစာများကို အောက်ပါအတိုင်း ရေးဆွဲလိုက်ပြီး ဘယ်အပိုင်းကို ဝါသနာပါရင် ဘာကိုဆက်လေ့လာသင့်တယ်ကို သင်တန်းထဲမှာ ပြောပြထားပါတယ်။
ဒီ online course ကနေ ဘာတွေလေ့လာရမလဲ?
Python basics များဖြစ်တဲ့ user ဆီက input ယူတာ condition စစ်တာ loop ပတ်ပြီး အကြိမ်ကြိမ်အလုပ်လုပ်တာ စတာတွေကို လေ့လာပြီးလျှင် function ဆိုတာဘာလဲ ဘယ်လိုအလုပ်လုပ်တာလဲကိုလေ့လာရမည်ဖြစ်ပြီး မသိမဖြစ်သိထားရမည့် python list,tuple,dictionary စတာတွေအပြင် set,queue,stack ကိုပါလေ့လာရမှာပါ။ဒါတွေသည်လုံး၀ သိထားရမည့်အရာများဖြစ်လို့ တကယ်မြန်မြန်နဲ့နည်းလမ်းမှန်မှန် အသုံးပြုပုံများကို လေ့လာရမှာပါ။ဒါတွေတင်မကသေးပါဘူး python မှာ string များကို ကိုယ်ကြိုက်သလို စီမံနိုင်အောင် လုပ်တာလဲ အရေးကြီးတာမို့ လေ့လာရပါမယ်။
အရေးကြီးတဲ့ file တွေ folders တွေနဲ့အလုပ်လုပ်ပုံတွေ မသိမဖြစ် data science ပဲသွားသွား machine learningပဲလုပ်လုပ် သိထားရမယ့် csv file တွေနဲ့ အလုပ်လုပ်ပုံတွေ regular expression သုံးပြီး ကိုယ်လိုချင်တဲ့ information ပဲ ဆွဲထုတ်ယူတာတွေ ဒါ့အပြင် python program တခုမှာ error ကို debug လုပ်တဲ့ နည်းအမျိုးမျိုးတွေကို အလွယ်တကူလေ့လာလို့ရမှာဖြစ်ပါတယ်။
နောက်ဆုံးအပိုင်းမှာတော့ တချို့ကျောင်းသားတွေ မကွဲတဲ့ module တွေ package တွေကို လေ့လာရမှာဖြစ်ပြီး အမြန်ဆုံး Object Oriented Programming ကို ထိတွေ့နိုင်အောင် အလွယ်ကူဆုံးရှင်းပြထားတာမို့ ဒါပြီးတာနဲ့ မိတ်ဆွေသည် ကိုယ်ဝါသနာပါတဲ့ အပိုင်းတွေမှာ ဘာတွေစလေ့လာသင့်တယ်ကို ကျွန်တော်တို့က လမ်းညွှန်ပေးထားတာကြောင့် အချိန်မကုန်ပဲ ဘာဆက်လေ့လာရမလဲသိစေမှာပါ။ဘာကြောင့်လဲဆိုတော့ အခုမှ စလေ့လာတဲ့သူကို ကျွန်တော်တို့က အတင်းတွေ Data structure တွေ algorithms တွေသွားသင်လို့မရပါဘူး။ဒါကြောင့် ကျွန်တော်တို့သည် မိတ်ဆွေတို့ ဆက်လေ့လာရအဆင်ပြေအောင် ပြောပြပေးပြီး ဆက်လေ့လာစေပါတယ်။
ဆက်လေ့လာစေတယ်ဆိုပေမယ့် solid foundation လုံး၀ ဆက်လေ့လာရာမှာ သူများထက် မျက်နှာမငယ်ရအောင် သင်ပေးလိုက်မယ့် သင်ခန်းစာတွေနဲ့ သင်တန်းမို့ အတန်းထဲမှာ တွေ့ချင်ပါတယ်။
Python ကို အခုမှ စလေ့လာမယ့် သူအတွက် အခြေခံစ အသေးစိတ်နီးပါး ရှင်းပြထားတဲ့အတွက် အရမ်းကောင်းပါတယ်။ လေ့လာရင်းမသိတာ အခက်အခဲရှိတာ မသိတာ ရှိလို့မေးရင် သေချာ နားလည် အောင်ရှင်းပြပေး တဲ့အတွက် အဆင်လဲပြေပါတယ်။
It is very beginner friendly. You would even think, " Oh! Python is easy! "
ဒီသင်တန်းလေးက ကျွန်တော့အတွက် အရမ်းအဆင်ပြေပါတယ် ကျွန်တော်က ဆယ်တန်းတက်ရမယ့်ကျောင်းသားဆိုတော့ ကျောင်းစာ သင်ချိန် နဲ့ ပြည့်နေတဲ့အခြေအနေမှာ မိမိအားတဲ့ အချိန်လေ့လာလို့ရနိုင်တဲ့ သင်တန်းမျိုးလေးဖြစ်တဲ့အတွက် အလွန်အဆင်ပြေပါတယ် နားမလည်တဲ့ သင်ခန်းစာတွေကိုလည်းမေးတဲ့အခါ စိတ်ရှည်လက်ရှည် ပြန်ဖြေပေးတဲ့အစ်ကို တွေရှိတဲ့အတွက်လည်း လေ့လာရတာ အရမ်းအဆင်ပြေတဲ့ သင်တန်းလေးတစ်ခုဖြစ်တယ်လို့ထင်ပါတယ်
အဆင်ပြေပါတယ် ရေးရတာ နားလည်ဖို့တော့ ၂ ခေါက်လောက်ပြန်ကြည့်ရတယ် ဆရာ
ဒီသင်တန်းရဲ့ service ကတော့ စိတ်ကျေနပ်စရာအလွန်ကောင်းပါတယ်။မတတ်မချင်း နားမလည်မချင်းစိတ်ရှည်ရှည်နဲ့ရှင်းပြပေးပါတယ်။ အချိန်မရွေးကြိုက်တဲ့အချိန် နားမလည်တာမေးမေးအမြဲရှင်းပြပါတယ်။
ကျန်တော်ကတော့ အခုသင်တန်းမှာpython basicကစလေ့လာနေပါတယ်။ ဒီသင်တန်းမှာက မရှင်းရင် ဆရာဆီချက်ချင်းမေးထားနိုင်သလို ဆရာကလည်းစိတ်ရှည်ရှည်နဲ့ပြန်လည် ဖြေကြားပေးတာအလွန်စိတ်ကျေနပ်စရာကောင်းလှပါတယ်😊🤩။တစ်ခါ ကဆိုmoduleတွေနဲ့တိုင်ပတ်နေတာ ဆရာကစိတ်ရှည်ရှည်နဲ့ရှင်းပြတော့မှအဆင်ပြေသွားတယ်😊။စာဖတ်ရတာရှည်နေမှာဆိုးလို့သာရပ်လိုက်ရပါတယ်😅။