ဒီ course သည် Django Web Framework ကို အကောင်းဆုံးနဲ့ မြန်မြန်လေး နားလည်ရလွယ်အောင် ရှင်းပြသွားမယ့် course ဖြစ်ပါတယ်။
ဒီနေရာမှာ ဘာကြောင့် python basic တွေ သိပြီဆို web development ပိုင်းကို လေ့လာသင့်တာလဲ?
Python နဲ့ ဘယ်အပိုင်းကိုလဲ လေ့လာလေ့လာ web development ကသိထားသင့်ပါတယ်။Django web framework ကို နားလည်ပြီဆိုရင် mobile app တွေ အတွက် rest api တွေ ရေးပေးမလား high performance webapp တွေ ရေးမလား machine learning model တွေကို microservice အနေနဲ့ deploy လုပ်မလား အဲ့လိုအပိုင်းတွေမှာ အထောက်အကူဖြစ်လာမှာပဲဖြစ်ပါတယ်။Instagram နဲ့ pinterest စတဲ့ နာမည်ကြီး appတွေက django နဲ့ရေးထားတာပဲဖြစ်ပါတယ်။ဆိုလိုတာက မိတ်ဆွေသာကောင်းကောင်းရေးနိုင်မယ်ဆို users အများကြီးကိုလဲ django က scalable ဖြစ်လို့ ထိန်းနိုင်တယ်လို့ ဆိုလိုချင်တာပါ။
ကျွန်တော်ရေးနေတဲ့ online course မှာဆိုရင် django basic ကို ကောင်းကောင်းနားလည်အောင် practical အနေနဲ့ personal blog ကိုတည်ဆောက်ပြီး ရှင်းပြသွားမှာပါ။Personal blog က absolute beginner တွေတွက် အကောင်းဆုံးလေ့လာဖို့လွယ်တဲ့ project မျိုးပါ။personal blog များ youtube ကလေ့လာရင် ကျွန်တော်ရေးထားတာနဲ့ ဘာကွာမလဲဆိုတာ မေးစရာရှိပါတယ်။
ဒီ course က အချိန်နည်းနည်းလေးပေးလိုက်ယုံနဲ့ နားလည်အောင် စီစဉ်ထားတာပါ။အရင်ဆုံး မိတ်ဆွေ ကို django framework ကို မြန်မြန်နဲ့သေချာနားလည်သွားအောင်ရှင်းပြပါမယ်။ပြီးရင်တော့ ဘယ်လို setup လုပ်သင့်တယ်ကိုလေ့လာရပါမယ်။ကျွန်တော်တို့ စလေ့လာရင် အဓိကပြသနာက settings တွေ ဘယ်လိုချရမလဲ ဘာကဘာကိုဆိုလိုတာလဲ ကောင်းကောင်းမသိရတဲ့ပြသနာရှိပါတယ်။ဥပမာ production server ပေါ်တင်ခါနီးကျမှ ဘာတွေမှန်းမသိတဲ့ error တွေမဖြစ်အောင် ဘယ်လို setup လုပ်ရမယ်။နောက် projectတွေတွက်လဲ အဆင်ပြေအောင်ဘယ်လိုထားသင့်တယ်ကို ရှင်းပြပေးပါမယ်။
project ကို ရေးတဲ့အခါမှာ function base view တွေကိုပဲ နားလည်ရလွယ်အောင် သုံးပြပေးသွားပါမယ်။database ကို အရမ်းခေါ်နေတဲ့ ပုံစံမျိုးတွေကို စလေ့လာတဲ့သူတွေအနေနဲ့ အရေးများပါတယ်။အဲ့လိုမျိုးတွေမရေးသင့်ဘူး ဘယ်လိုရေးသင့်တယ်ကိုရှင်းပြပေးပါမယ်။template inheritance လို့ခေါ်တဲ့ template တွေကို ခနခန မရေးရတဲ့ ခေါ်သုံးတဲ့ ပုံစံမျိုးတွေပါပါမယ်။သိပ်မပြောတော့ပါဘူး စာလဲရှည်နေပြီမို့ အားလုံးပြီးသွားရင် production server ပေါ်တင်ပါမယ်။ဒီနေရာမှာ django သည် ဘာကိုမှ store မလုပ်လို့ ဘယ်လို aws ပေါ်မှာ static file တွေ media file တွေ ထားရမယ်ကို ရှင်းပြပေးရင်း server ပေါ်တင်သွားပါမယ်။နောက်ဆုံးမှာ bonus lecture ပါပါမယ် ကျွန်တေ်ာတို့ class base view တွေကို ဘယ်လိုပြန်ပြောင်းသုံးလို့ရတယ်နဲ့ pros and cons တွေကိုရှင်းပြပေးသွားပါမယ်။ဒီ course သည် အမြဲ update လုပ်နေမှာပါ။သင်တန်းသားများရဲ့ ကြိုးစားမှုနဲ့ သူတို့ရဲ့ လုပ်ဆောင်နိုင်ပုံတွေကို ကြည့်ပြီး လိုအပ်တာတွေ ထပ်ထပ်ထည့်ပေးသွားမှာမို့ မိတ်ဆွေ outdated ဖြစ်နေမှာမဟုတ်ပါဘူး instructor ကို ချက်ချင်းလာမေးနိုင်တာမို့ လာ join ပြီး class ထဲမှာ တွေ့ချင်ပါတယ်။
Step by Step သေချာရှင်းပြထားတဲ့အတွက်နားလည်လွယ်ပြီးတော့Beginner သမားတွေအတွက်တော်တော်အဆင်ပြေတဲ့ Courseပါ။
အရမ်းအဆင်ပြေပါတယ်ရှင့် advanced course လေးလဲမျှော်နေပါမယ်ရှင့်
It's a cool and great! Theoritically ရှင်းပြတာရော Production ပိုင်းပါတာနဲ့တင် တော်တော်အဆင်ပြေနေပါပြီ .. Web-Dev ကို python နဲ့လုပ်မယ်ဆိုရင်တော့ recommended course တစ်ခုပါပဲ
Online learning အတွက်တကယ်သင်ရတာ အဆင်ပြေပါတယ် သေချာရှင်းပြပေးp webနဲ့ ပတ်သတ်တာတွေကို ကြံဉာဏ်ပေးတာအတွက်လဲ ကျေးဇူးတင်ပါတယ်
လေ့လာရတာ အဆင်ပြေတယ်ဗျာ တစ်ခုပဲရှိတယ် လကုန်တာနဲ membership ပြန်ပြန်ဝင်ရတာပေါ့😁😁😁
Django web framework ကို အမြန်ဆုံး ထိတွေ့နားလည်နိုင်စေလို့ 5 stars ပေးလိုက်ပါတယ်ရှင်။