👉ဘာတွေသင်မှာလဲ?
👉သင်တန်းက ဘယ်လောက်ကြာနိုင်လဲဆို ?
📌 သင်တန်းက ၃ပတ် ကြာမြင့်မှာ ဖြစ်ပါတယ်။
Week 1✔
Docker ကို မိတ်ဆက်ပေးပြီး ဘာကြောင့် docker သုံးရတယ် ဘယ်လိုကောင်းကျိုးတွေရှိတယ်ကို ပြောပြပေးသွားမှာဖြစ်ပြီး docker commands တွေကို လေ့လာကာ container များကို ထဲထဲဝင်ဝင် ကိုင်တွယ်နိုင်အောင် သင်ပေးမှာဖြစ်ပါတယ်။
Week 2 ✔
Docker commands တွေနဲ့ container ဆိုတာဘာလဲကို သိပြီဆိုတော့ single container web app လေးကို တူတူဖန်တီးပြီး server ပေါ်တင်သွားမှာဖြစ်ပါတယ်။
Week 3✔
Container တွေနဲ့ ကောင်းကောင်းအလုပ်လုပ်နိုင်ပြီဆိုတော့ multi container ပုံစံဖြစ်တဲ့ frontend ကို နာမည်ကြီး frontend javascript library ဖြစ်တဲ့ react ကို သုံးသွားမှာဖြစ်ပြီး backend ကိုတော့ python web framework တွေထဲက django or flask တခုခုကို သုံးသွားမှာဖြစ်ပြီး facial recognition system လေးကိုတူတူရေးသွားမှာဖြစ်ပါတယ်။ပြီးရင်တော့ server ပေါ်တင်သွားမှာဖြစ်ပါတယ်။ဒီမှာ coding ကို အဓိက သင်မှာမဟုတ်ပါဘူး။Docker ကိုသင်ပေးမှာဖြစ်ပါတယ်။
ဘယ်လို လူတွေတတ်သင့်လဲဆို⁉️
📌Programming အတွေ့အကြုံရှိပြီးသားသူတွေ
📌Web developer ဖြစ်ပြီး ကိုယ့် skill ကိုမြှင့်မဲ့ သူတွေ
📌DevOps အခုမှ စလေ့လာဖို့ ကြိုးစားနေတဲ့သူတွေ
📌Docker အကြောင်းသိလိုပြီး အသုံးချလိုတဲ့သူတွေ
📌Machine learning or AI Engineer တယောက်ဖြစ်ပြီး ကိုယ့်တည်ဆောက်ထားတဲ့ model ကို Docker သုံးကာ deploy လုပ်တတ်ချင်တဲ့သူတွေ တတ်သင့်ပါတယ်။
အချိန်မဆွဲပါနဲ့ အချိန်ကုန်တာပဲရှိပါတယ် docker သည် နောက်ပိုင်း တော်တော်သုံးလာပြီး လုပ်ငန်းတွေမှာလဲ လိုအပ်လာတဲ့ container tool ဖြစ်လို့ အတန်းထဲမှာ တွေ့ချင်ပါတယ်။
It's the best course for docker beginner. This course explains you from zero to advanced about the Docker. After the course, you will know how docker works.
အခြေခံကနေ လေ့လာချင်သူတွေအတွက် ဒီသင်တန်းလေးကိုတက်ဖို့ တိုက်တွန်းချင်ပါတယ်အသေးစိတ်ကအစ ရှင်းပြပေးတဲ့အတွက် နားလည်လွယ်ပါတယ် မသိတာတွေ မေးတဲ့အခါ စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတာကို အရမ်း ကျေးဇူးတင်ပါတယ် 😊😊
စကားပြောနည်းနည်းလေးမြန်ပါတယ်။ တစ်ချို့ technical terms တွေကို ဖြည်းဖြည်းနဲ့ ရှင်းရှင်းပြောပေးရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ OBS မှာ sound record conf လေးသေချာပြင်ပေးစေချင်ပါတယ်။ Noise တွေပါနေလို့ပါ။
ကောင်းပါတယ် docker ကို မြန်မြန်ဆန်ဆန် သဘောပေါက်သွားစေတယ် question တေလည်း မြန်မြန်ပြန်ဖြေပေးလို ကျေးဇူးပါ